စပါးစိုက်ပျိုးစက်အသုံးပြုခြင်း ဆိုသည်မှာ စက်ပစ္စည်းကိရိယာအသုံးပြု၍ ထွန်ယက်ထားသည့် လယ်မြေထဲသို့ စပါးမျိုးစေ့ အပင်ပေါက်လေးများအား ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်သည်။ ထိုကဲ့သို့ စက်ပစ္စည်းအသုံးပြု စိုက်ပျိုးခြင်း သည် လူအားဖြင့် စိုက်ပျိုးခြင်းထက် အချိန်နှင့်လူအင်အားများစွာ အသုံးချမှုကို သိသိသာသာ လျော့ ချနိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် (1–2 ha/person/day နှင့် 0.07 ha/person/day) တို့ အဖြစ် နှိုင်းယှဉ်ကြည့်နိုင်သည်။
ထို့ အပြင် စပါးစိုက်ပျိုးစက် အသုံးပြုခြင်း၏ ကောင်းကျိုးများ မှာ – တစ်နေ့ တာအတွင်း လျင်မြန်စွာဖြင့် အကျိုးရှိရှိ စိုက်ပျိုးနိုင်ခြင်း (1–2 hectare/day) ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုများ၊ လုပ်ငန်းခွင်ဝန်များနှင့် ကျန်မားရေး ချို့ ယွင်းချက်များအား လျော့ ချစေနိုင်ခြင်း၊ တပြေးညီ နေရာချစိုက်ပျိုးနိုင်သည့်အတွက် မျိုးပင်ထပ်ခြင်းများ မရှိနိုင်ခြင်း၊ မျိုးပင်များ လျင်မြန်စွာ ရှင်သန်နိုင်ခြင်း၊ စက်သွားထွန်ယက်မှု အားကောင်းခြင်းနှင့် တပြေးညီသီးပွင့်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

စက်ပစ္စည်းအသုံးပြု စိုက်ပျိုးခြင်းလုပ်ဆောင်မည်ဆိုလျင် အောက်ဖေါ်ပြပါ ကန့် သတ်ချက်များ ကိုလည်း သတိပြုလိုက်နာသင့်သည်။ ၄င်းတို့ မှာ – စပါးမျိုးစေ့များအား သက်တမ်းနုနယ်စဉ်အတွင်း စိုက်ပျိုးရမည်ဖြစ်ပြီး စက်ပစ္စည်းအသုံးပြု စိုက်ပျိုးခြင်းသည် ရေရှိသော မြေနေရာတွင်သာ စိုက်ပျိုးရန်အသင့်တော်ဆုံး ဖြစ်သည်။ ထို့ အပြင် စပါးပျိုးကွင်းအား အထူးစီမံကြီးကြပ်ရန် လိုအပ်ပြီး မစိုက်ပျိုးမှီတွင် ကောင်းမွန်သော လယ်ယာပြင်ဆင်မှု၊ မြေညှိခြင်းနှင့် ရေရရှိရေး စနစ်တို့ လိုအပ်သည်။
စက်ပစ္စည်းများ သယ်ယူရွှေပြောင်းနိုင်ရန်နှင့် ဝင်ထွက်နိုင်မည့် လယ်ကွင်းများသည်လည်း လိုအပ်သည်။ အဓိကအချက်မှာ စပါးစိုက်ပျိုးစက်များ၏ မြင့်မားသော ဈေးနှုန်းများကြောင့် သာမန်လယ်သမားများ ဝယ်ယူအသုံးပြုနိုင်ခြင်း မရှိကြပေ။ သို့ သော်အချို့ နိုင်ငံများတွင် ၄င်းစက်ပစ္စည်းများအား ငှားရမ်းအသုံးပြုနိုင်သည်။ မြေနေရာ ညီညာမှုမရှိသော လယ်မြေများနှင့် စနစ်တကျအသုံးမပြုနိုင်မှုတို့ ကြောင့် ပြသနာများရှိလာနိုင်ခြင်းနှင့် စက်ပစ္စည်းတပ်ဆင်ရာတွင် ကောင်းမွန်သော လေ့ကျင့်သင်ကြာမှုလိုအပ်ခြင်း၊ စသည့်ကန့် သတ်ချက်များကိုလည်း စက်ပစ္စည်းအသုံးပြု စိုက်ပျိုးခြင်း မလုပ်ဆောင်မှီ အထူးသတိပြုသင့်သည်။
ဆက်လက်ရေးသားပါဦးမည်။
This article originally appeared in English-version at: Rice Knowledge Bank.
Photo Reference: Kubota.